Search This Blog

Friday, November 4, 2011

မိန်းမများ ပျက်စီးကြောင်း ၂၅ ပါး

၁။ လင်အဝေးသို့ သွားသဖြင့် ကွေ့ကွင်းရသည်ကို ချီးမွမ်းခြင်း

၂။ အရပ်တစ်ပါး၌နေသောလင်ကို မအောက်မေ့။

၃။ အရပ်တပါးမှ ရောက်လာသောလင်ကို မနှစ်သက်။

၎။ လင်၏ကျေးဇူးမဲ့ကို ပြောဆို၏။

၅။ လင်၏ကျေးဇူးကို မပြောဆို။

၆။ လင်၏ အကျိုးမဲ့ကို ကျင့်၏။

၇။ လင်၏အကျိုးစီးပွားကို မကျင့်။

၈။ လင်အား မပြုအပ်သည်ကို ပြု၏။

၉။ လင်အားပြုအပ်သည်ကို မပြု။

၁၀။ အ၀တ်ကို မြဲစွာဝတ်၍အိပ်၏။

၁၁။ လင်ကိုကျောပေး၍အိပ်၏။

၁၂။ တပြောင်းပြန်ပြန် လူးလဲတတ်သည်ဖြစ်၏။

၁၃။ အုတ်အုတ်ကျက်ကျက်ဖြစ်၍ ရှည်စွာလည်း ထွက်သက်ဝင်သက်ကို ဖြစ်စေ၏။

၁၄။ ဆင်းရဲသောဝေဒနာကို ကြားတတ်၏။

၁၅။ ကျင်ကြီးကျင်ငယ်ကို မပြတ်သွား၏။

၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်လေ၏။

၁၇။ တစ်ပါးသော ယောက်ျား၏အသံကို နားစွင့်၍ နားထောင်တတ်၏။

၁၈။ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သည်ဖြစ်၏။

၁၉။ အိမ်နီးချင်း ယောက်ျားတို့နှင့် ကိလေသာဖြင့် ပေါင်းဖက်ရောယှက်ခြင်းကိုပြု၏။

၂၀။ ထွက်သွားလေ့ရှိသည် ဖြစ်၏။

၂၁။ အခါမဲ့ဖြစ်သော ညဥ့်တွင် သွားလေ့ရှိသည်ဖြစ်၏။

၂၂။ သယောက်လင်စောင် ထားတတ်သည်ဖြစ်၏။

၂၃။ အမြဲမပြတ် လင်ကို မရိုသေသည့်သဘောဖြင့် ပြစ်မှားလိုသောစိတ်ရှိသည်ဖြစ်၍ တံခါးဝ၌ တည်၏။

၂၄။ လက်ကတီးကြားအစရှိကုန်သော အင်္ဂါကြီးငယ်တို့ကို ပြတတ်၏။

၂၅။ ထိုမှဤမှ သွား၍ကြည့်တတ်၏။

ရှေးဟောင်း "မဟာကုဏာလဇာတ်" ကို ဖတ်မိပြီး ကူးတင်ပေးလိုက်တာနော် သဘောပေါက်တာလည်းရှိတယ်။ သဘောမပေါက်တာလည်းရှိတယ်။

အားလုံးကိုခင်မင်လေးစားလျက်

No comments:

Post a Comment