တင် ကျော်ကျော်စိုး၊ ၊မြန်မာ နိုင်ငံ ကို စစ်အာဏာရှင် တစ်ဦး အဖြစ် နှစ်ပေါင်း နှစ်ဆယ်
နီးပါး ကြာ အုပ်ချုပ် လာခဲ့ သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် အသက် ၇၈ နှစ် အရွယ်
တွင် တိုင်းပြည် အာဏာ ကို ချုပ် ကိုင်ထား မှု အား တရား ၀င် စွန့် လွှတ် ခဲ့ သည် ဟု သတင်း
များ က ဖော်ပြ သည်။
၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက် နေ့ မှ စတင်ပြီး မြန်မာ့ နိုင်ငံရေး အာဏာတွင် အဆင့် မြင့် ဆုံးရာ
ထူး ဖြစ်သည့် ကာကွယ်ရေး ဦးစီးချုပ် ရာထူး ကို ရယူ ခဲ့ သည့် ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ သည်
နောင် ၁၉ နှစ်ကြာသည့် အခါ ထိုရာ ထူး ကို ဆိုင်းမဆင့် ဗုံမပါ ပဲ လူသိသိပ် မများ သေး သည့်
ဗိုလ်ချုပ်ကြီး တစ်ဦး ကို လွှဲပြောင်း ပေး ခဲ့ ပြီး နိုင်ငံ ရေး စင်မြင့် ထက် မှ ပျောက်ကွယ် သွားခဲ့
သည်။
စဉ်းစား ရ ခက် သည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ အာဏာ လွှဲ ပြောင်း မှု မှာ အရပ် ဘက်ထက်
စစ်တပ် ဘက်တွင် ပို၍ မေးခွန်း ထုတ်စရာ များ ဖြစ်လာ ခဲ့ သည်။ ဒီမိုကရေစီ လိုလာသည့် အ
တိုက် အခံ များ က ယခင် ဗိုလ်ချုပ်ကြီး ဟောင်း ဦးသိန်းစိန် ဦးစီး သည့် အစိုး ရ အဖွဲ့  သစ် နှင့်
လိုက် လျှော ညီထွေ ဖြစ်ရန် ဆောင်ရွက် နေ ချိန် တွင် စစ်တပ် အရာ ရှိ ငယ် များ က ဗိုလ်ချုပ်မှုးကြီး
သန်းရွှေ ၏ ကံကြမ္မာ ကို မေးခွန်း ထုတ် လာကြသည်။
ထိပ်တန်း စစ်အရာ ရှိ များ ၏ တစ်ကိုယ် ရည် သုံး လက်ပ်တော့ များ ၏ လုံခြုံ မှု ဆိုင်ရာ အစီအမံ
များ ကို စီစဉ် ပေး ရသည့် အရာ ရှိ ငယ် တစ်ဦးက ” အဖိုးကြီး တော့ အာဏာ သိမ်း ခံ လိုက်ရတာ
ပဲ ထင်တယ် ” ဟု FNG သို့  ပြောသည်။
ထိုအရာ ရှိ ၏ အမြင် နှင့် နီးစပ် စွာ သဘော ထား ချင်း တူညီ သည့် စာရေးဆရာ နှင့် လေတပ် အရာ
ရှိ ဟောင်း တစ်ဦး က ” တပ်ချုပ်ကြီး အာဏာ အခုထိ သက်ရောက် နေအုံး မယ် ဆို ရင် ဗိုလ်သိန်း
စိန် တို့  ဒီလောက် ထိ သိပ် မလှမ်း ရဲ သေး ဘူး ” ဟု သုံးသပ် သည်။
တိုင်း ပြည်၏ အဆင့် မြင့် ဆုံး အဖွဲ့  အစည်း ဖြစ် သည့် နိုင်ငံ တော် ကာ ကွယ် ရေး နှင့် လုံခြုံရေးကောင်
စီ တွင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဆက် လက် ဦးဆောင် နေ သည် ကို ဖော်ပြ နေခြင်း များ နှင့်
ပတ် သက် ပြီး ယခင် ၀န်ကြီး ချုပ် ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် အနီးကပ် အရာ ရှိ ငယ်
တစ်ဦးကို FNG မှ ဆက်သွယ် မေးမြန်းကြည့် သည့် အခါ
” ဒါက ( နိုင်ငံ တော် ကာ ကွယ် ရေး
နှင့် လုံခြုံရေးကောင်စီ ) ဆိုတာ တကယ် ရှိ တဲ့ အဖွဲ့  အစည်း လည်း ဖြစ်ရင် ဖြစ်မယ် ၊ တကယ်
မရှိ တာ လဲ ဖြစ်ရင် ဖြစ်မယ်။ အာဏာ အရှိဆုံး လဲ ဖြစ်ရင် ဖြစ်မယ် ၊ အာဏာ မရှိ တာလဲ ဖြစ်
ရင် ဖြစ်မယ်။ အခု ဦးသိန်းစိန် အစိုးရ က သူ တို့  အစိုးရ သက်တမ်း ၀ါ နု သေးတဲ့ အတွက် ဒါ
ကို တမင် ဖန်တီး ပြီးထားတာ ၊ သဘောက သူ တို့  ရဲ့  ဂယ်ပေါက် ပေါ့ ၊ ထွက်ပေါက် အနေ နဲ့ 
ထား တာ …ဒါက တမင် ဖန် တီးထား တဲ့ လုပ် ဇာတ် တစ်ခု ပဲ၊ အဖွဲ့  အစည်း တွေ လုပ်ငန်း
ကြီး တွေ တိုင်း မှာ ဒါမျိုး တစ်ခု ကို အမြဲ တမ်း ဖန်တီးထား တယ် ရှင်းရှင်း ပြောရရင် လက်တစ်
လုံးခြား လုပ် ဖို့  ပေါ့ ၊ ကျွန်တော် တို့  ငယ်ငယ် က အိမ် တွေ ကို အလှုခံ လာတဲ့ အခါ လူကြီး
မရှိ ဘူး ပြောသလို ပေါ့ ၊ လူကြီး ရှိရင် လည်း ရှိမယ် ၊ မရှိ ရင် လဲ မရှိ ဘူး ။ ဒါပေမယ့် လူကြီး
ဆို တဲ့ ဟာ ကြီး နဲ့  လှန် ထား တဲ့ သဘောပဲ ၊ မီဒီယာ တွေ မှာ သာ ကာလုံ က ဘာဖြစ်တယ်
ညာဖြစ်တယ် ၊ အရေးပါတယ် ဆိုပြီး ပြောကြတာ တွေ့ တယ်။ လက်ရှိ အစိုးရ က တော့ ဒီအဖွဲ့ 
အကြောင်း သိပ် High Light လုပ် ပြီး ပြောတာ မတွေ့ ရ ဘူး။ ကျွန်တော့် အမြင် အရ တော့
ဒီအဖွဲ့  တကယ် မရှိ ဘူး လို့  ပဲ ထင်တယ် “ ဟု ပြောသည်။
ယခုနှစ် မတ်လ ၂၇ ရက် နေ့  က ကျင်းပခဲ့ သည့် တပ်မတော် နေ့ တွင် ညစာစားပွဲ သို့  တက်
ရောက် လာသည့် ဗိုလ် ချုပ်မှုးကြီး သန်းရွှေ ကို ပြည် သူ များ မှ နောက် ဆုံး မြင်တွေ့ လိုက်ရ
ခြင်း ဖြစ်သည်။ အိုမင်းရင့် ရော် ပြီး စိတ်သွား တိုင်း ကိုယ်မပါ တော့ သည့် စစ်သား အိုကြီး
သည် အပြစ်မဲ့ ပြည်သူ များ ကို သတ်ဖြတ်မှု တွင် ကိုယ်တိုင် အမိန့် ပေး စေခိုင်း မှု များ ရှိ ခဲ့ ပြီး တပ်
မတော် နေ့  ဟု ခေါ်သည့် မြန်မာ စစ်တပ် အရာ ရှိ များ စုရုံး တွေ့ ဆုံ သည့် နေ့ တွင် ကြိုးကြီး
ချိတ် ပုဆိုး ကို ၀တ်လာ သည့် သူ့  အား ဗိုလ်မောင်အေး နှင့် ဗိုလ်ရွှေမန်း တို့  က နောက်က
လှောင်ပြောင် သရော် ကြည့်ရှု နေပုံ မှာ စစ်သား အို ကြီး ၏ နောက် ဆုံး ဓာတ် ပုံ ပင် ဖြစ်
သည်။
ထို နေ့  က သူ မျက် နှာ မကောင်း လှ၊ အဆိုပါ ရက် မတိုင် ခင် က မြန်မာ စစ်တပ် ထဲ တွင်
ဘာ တွေ ဖြစ်ခဲ့ သည် ၊ ဘာတွေ လိုက် လျှောခဲ့ ရသည်။ စစ်အာဏာရှင် အိုကြီး၏ ကံကြမ္မာ
မည် သို ပြောင်း လဲ ခဲ့ သည် မှာ မည် သူမျှ မသိကြ သေး သည့် ဒဏ္ဍာရီ တစ်ခု လို ဖြစ်နေသည်။
ကာကွယ်ရေး ၀န်ကြီးဌာန တွင် လက်ရှိ တာဝန်ထမ်းဆောင် နေသည့် အရာ ရှိ ငယ် တစ်ဦးက
“နိုင်ငံ တကာ အခမ်းအနား တွေ ကို သွား တဲ့ အခါ အခု ခင်ဗျား တို့  သမ္မတ ကြီး ..သမ္မတ
ကြီးခေါ် နေတဲ့ သူ က လေဆိပ်မှာ ထီးလည်း မိုးသူ မရှိ .. ကော်ဇော နီ ပေါ် ကို တောင်တက်
မလျှောက် ရတာ ဘယ်လို လုပ် ပြီး သူက တော့ လူဆိုး ဖြစ် ၊ ကျန် တဲ့ သူ တွေ က ပြုပြင်ပြောင်း
လဲရေး လိုလား တဲ့ သူ ရဲ ကောင်း တွေ ဖြစ် ဆိုတာ မျိုး ဗိုလ် ချုပ် မှုးကြီး သန်းရွှေ က
အဖြစ်မခံလား ဗျာ… စဉ်းစား လဲ ကြည့်ပါ အုံး ” ဟု FNG သို့  ပြောသည်။
ပြီးခဲ့သည့် ရက်ပိုင်း အတွင်း ဗိုလ်ချုပ် မှုးကြီး သန်းရွှေ နှင့် မိသားစုက တရုတ် ပြည် မှ
ပင့်ဆောင်လာသည့် ဗုဒ္ဓမြတ် စွယ် တော် အတွက် လှုဒါန်း မှု မှာ အစိုးရ အာ ဘော် သတင်း
စာများ တွင် မထင်မရှားသာ ဖော်ပြ ခံရသည်။
ယခင်က ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ သားမက် ဟု မီဒီယာ များ က ပြောဆိုခဲ့ စဉ် က ရေငုံနှုတ်ပိတ်
နိုင်လှသည့် စီးပွားရေး လုပ်ငန်း ရှင် ဦးတေဇ က သူသည် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ သာမက်
မဟုတ် ပဲ တစ်ခါ နှစ် ခါ တွေ့  ဖူး ရုံ လောက် သာ ရှိ သည် ဟု ပြော ဆို ခဲ့ သည် မှာ ယောက္ခမ
ဟောင်း စစ်သား အို ကြီး ကို ခြေစုံ ကန် လိုက် ခြင်း ပင် ဖြစ်သည်။
မြန်မာ နိုင်ငံရေး အစဉ်အလာ အရ အာဏာ ကို ချုပ် ကိုင် ထား နိုင် မှု မရှိ လျှင် အာဏာ နှင့် ဝေး
သထက် ဝေး သွား မည် သာ ဖြစ်သည်။ ကမ္ဘာ့  သမိုင်း တွင် ရော မြန်မာ့ သမိုင်း တွင် ပါ အာဏာ
ကို ကို လူမမြင် ကွယ်ရာ ကနေ အကြာကြီး ကိုင် ထား လို့  မရကြောင်း မြန်မာ ဆိုရှယ်လစ် လမ်း
စဉ် ပါတီ ဥက္ကဌ ကြီး ဟောင်း သမ္မတ ကြီး ဦးနေ၀င်း က သက်သေ ပြ ခဲ့ ပြီး ဖြစ်သည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ၏ မိသားစု များ နှင့် နီးစပ် သူ များ ၏ အဆိုအရ ယခင် က မောက်မား
ထောင်လွှား ခဲ့ သည့် သူ ၏ မိသား စု မှာ အခု တော့ — အရင် လို မဟုတ်တော့ ဟု ဆို
သည်။ ချွေ ရံ သင်း ပင်း များ လည်း ကင်း မဲ့ ပြီး အရင် ကလို စင်္ကာပူ နှင့် ဂျပန် နိုင်ငံ များ
ထိ အလည်အပတ် နှင့် ဈေးဝယ် မထွက် နိုင် တော့ ပြီ ဟု ဆိုသည်။
ကျန်းမာရေး လည်း သိပ် မကောင်းတော့ သည့် ဗိုလ်ချုပ်မှုးကြီး မှာ ရွေးကောက် ပွဲ အပြီး လွှတ်
တော် စတင် ခေါ် ယူခါစက အာဏာလွှဲပြောင်း ရန် ကြန့် ကြာ နေမှု ကြောင့် အရပ်ဘက် ပြောင်း
ခါ စ ဗိုလ်ချုပ် အချို့  နှင့် ပြဿနာ ဖြစ်ရ သည် ဟု သူက ပြောသည်။ ထို ပြဿနာ ၏ အကျိုး
ဆက် ကို သူလည်း မသိ ဟု ဆိုသည်။ ဒါပေမယ့် သူ သိထား သည် မှာ ယခင် ကာကွယ်ရေး
ဦးစီးချုပ် တာဝန် ထမ်းဆောင် ရန် လျှာထား ခံရသည့် ဗိုလ်ချုပ်ကြီး သူရ မြင့်အောင် ကို ရာထူး
မှ ဖယ်ရှား လိုက် သည် မှာ ဗိုလ်ချုပ် မှုး ကြီး သန်းရွှေ မဟုတ် တာတော့ သေချာသည် ဟု ဆို
သည်။ ဗိုလ်မြင့် အောင် က ဗိုလ်ချုပ် မှုး ကြီး လူယုံ လေ… ဟု သူက ပြောသည်။
ထိုအချိန် များ ဆီက နအဖ ခေါင်း ဆောင် များ ၏ အာဏာလွန် ဆွဲ ပွဲ နှင့် အဆုံးသတ် ဖြေရှင်း
မှု မှာ စိတ်ဝင် စား စရာ ဖြစ်ပြီး ကမ္ဘာ ကျော် ရုပ်ရှင် ဇာတ်လမ်း တစ် ခု လို့  သဲထိတ် ရင် ဖို များ
ဖြင့် ပြည့် နှက် နေသည် ဟု ဆိုသည်။
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က အာဏာကို ဆက်လက် ချုပ် ကိုင် ထား သည် ဆိုလျှင် အလွန် ရယ်
စရာ ကောင်းသော ပျက် လုံး တစ်ခု ဖြစ်ပေ လိမ့် မည် ဟု ထိပ်တန်း စစ်အရာ ရှိ များ ၏ တစ်ကိုယ်
ရည် သုံး လက်ပ်တော့ များ ၏ လုံခြုံ မှု ဆိုင်ရာ အစီအမံ များ ကို စီစဉ် ပေး ရသည့် အရာ ရှိ ငယ်
တစ်ဦးက ဆိုသည်။
ဥာဏ် နီ ဥာဏ် နက် များ လှ သည့် မြန်မာ ပြည်ကြား ရေး ၀န် က မူ သိုးဆောင်း သတင်း စာ တစ်
ခုနှင့် တွေ့  ဆုံ ရာတွင် “သူ စာဖတ် နေတယ် ” ဟု ဆိုသည်။
သူ ဘာ စာ တွေ ကို ဘယ် နေရာ မှာ … ဘယ်လိုပုံစံ ဖြင့် ဖတ် နေလဲ ဆိုသည် ကို မည် သူမျှ မသိ
နိုင် တော့ ပြီ ဖြစ်သည်။
Gandhamar City
Search This Blog
Sunday, November 27, 2011
ချစ်လားမချစ်လားသိဖို့အတွက် စမ်းသပ်ရန် (၁၂)ချက်
အင်..လူကြားထဲး ...တိန် ချစ်လားမချစ်လားသိဖို့အတွက်အားလုံးကို နည်းလမ်း၁၂ ခုဝေမျှပေးချင်ပါတယ်
၁၂ : သင်ဟာ သူနဲ့ ညဘက်ထိစကားပြောမယ်။ အဲဒါတောင်မှ အိပ်ရာထဲရောက်ရင်လည်း
သင်ဟာ သူအကြောင်းကို တွေးနေမိလိမ့်မယ်။
... ၁၁ : သင် သူနဲ့တွဲပြီးလမ်းလျှောက်တဲ့အခါမှာ သင်ခြေလှမ်းတွေနှေးနေလိမ့်မယ်။
၁၀ : သင် သူနဲ့ဝေးနေရတဲ့အခါ သင်ဝမ်းနည်းသလိုခံစားရလိမ့်မယ်။
၉ : သင် သူအသံကိုကြားတာနဲ့ပျော်ရွှင်နေလိမ့်မယ်။
၈ : သင် သူကိုကြည့်နေတဲ့အခါ သူတစ်ယောက်ကိုပဲမြင်လိမ့်မယ်။ သင်ဟာ
ပတ်ဝန်းကျင်ကို ဂရုစိုက်မှာ မဟုတ်တော့ဘူး။
၆ : သင်ရဲ့အတွေးထဲမှာ သူကအမြဲစိုးမိုးနေလိမ့်မယ်။ သင်
စဉ်းစားသမျှအရာအားလုံးဟာ သူအတွက်ပဲ။
၅ : သင် သူနဲ့တွေ့တဲ့အခါအမြဲပျော်ရွှင်နေလိမ့်မယ်။ သင်မျက်နှာမှာ
အပြုံးတွေစိုးမိုးနေလိမ့်မယ်။
၎ : သင် သူနဲ့တွေ့ရဖို့အတွက် ဘာမဆိုလုပ်လိမ့်မယ်။
၃ : သင် ဒီစာကိုဖတ်စဉ်မှာ တစ်စုံတစ်ယောက်ဟာ
သင့်နှလုံးသားထဲမှာအချိန်တိုင်းရှိနေလိမ့်မယ်။
၂ : သင်ဟာ အဲဒီတစ်ယောက်အကြောင်းတွေးနေလို့
သင့်ဦးနှောက်အလုပ်ရှုပ်နေတာကြောင့် သင်ဟာ နံပါတ် ၇
ကျန်ခဲ့တာကိုသတိထားမိမှာမဟုတ်ဘူး။
၁ : သင်ဟာ နံပါတ် ၇ ကျန်ခဲ့သလားလို့အပေါ်မှာပြန်စစ်ပြီး
သင်ဟာသင်ကြိတ်ပြီးရယ်နေလိမ့်မယ်။
ဒီစာထဲကလိုသင်တကယ်ဖြစ်နေရင်တော့။
အသင့်နှလုံးသားထဲမှာရှိတဲ့လူကို ချစ်မိနေပါပြီလို့ ရဲရဲကြီး အာမခံလိုက်ပါတယ်။
ကိုယ့်ကိုကိုယ်စမ်းသပ်ကြည့်ကြပါ...
သုတလွင်ပြင် facebook
Friday, November 4, 2011
မိန်းမများ ပျက်စီးကြောင်း ၂၅ ပါး
၁။ လင်အဝေးသို့ သွားသဖြင့် ကွေ့ကွင်းရသည်ကို ချီးမွမ်းခြင်း
၂။ အရပ်တစ်ပါး၌နေသောလင်ကို မအောက်မေ့။
၃။ အရပ်တပါးမှ ရောက်လာသောလင်ကို မနှစ်သက်။
၎။ လင်၏ကျေးဇူးမဲ့ကို ပြောဆို၏။
၅။ လင်၏ကျေးဇူးကို မပြောဆို။
၆။ လင်၏ အကျိုးမဲ့ကို ကျင့်၏။
၇။ လင်၏အကျိုးစီးပွားကို မကျင့်။
၈။ လင်အား မပြုအပ်သည်ကို ပြု၏။
၉။ လင်အားပြုအပ်သည်ကို မပြု။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍အိပ်၏။
၁၁။ လင်ကိုကျောပေး၍အိပ်၏။
၁၂။ တပြောင်းပြန်ပြန် လူးလဲတတ်သည်ဖြစ်၏။
၁၃။ အုတ်အုတ်ကျက်ကျက်ဖြစ်၍ ရှည်စွာလည်း ထွက်သက်ဝင်သက်ကို ဖြစ်စေ၏။
၁၄။ ဆင်းရဲသောဝေဒနာကို ကြားတတ်၏။
၁၅။ ကျင်ကြီးကျင်ငယ်ကို မပြတ်သွား၏။
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်လေ၏။
၁၇။ တစ်ပါးသော ယောက်ျား၏အသံကို နားစွင့်၍ နားထောင်တတ်၏။
၁၈။ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သည်ဖြစ်၏။
၁၉။ အိမ်နီးချင်း ယောက်ျားတို့နှင့် ကိလေသာဖြင့် ပေါင်းဖက်ရောယှက်ခြင်းကိုပြု၏။
၂၀။ ထွက်သွားလေ့ရှိသည် ဖြစ်၏။
၂၁။ အခါမဲ့ဖြစ်သော ညဥ့်တွင် သွားလေ့ရှိသည်ဖြစ်၏။
၂၂။ သယောက်လင်စောင် ထားတတ်သည်ဖြစ်၏။
၂၃။ အမြဲမပြတ် လင်ကို မရိုသေသည့်သဘောဖြင့် ပြစ်မှားလိုသောစိတ်ရှိသည်ဖြစ်၍ တံခါးဝ၌ တည်၏။
၂၄။ လက်ကတီးကြားအစရှိကုန်သော အင်္ဂါကြီးငယ်တို့ကို ပြတတ်၏။
၂၅။ ထိုမှဤမှ သွား၍ကြည့်တတ်၏။
ရှေးဟောင်း "မဟာကုဏာလဇာတ်" ကို ဖတ်မိပြီး ကူးတင်ပေးလိုက်တာနော် သဘောပေါက်တာလည်းရှိတယ်။ သဘောမပေါက်တာလည်းရှိတယ်။
အားလုံးကိုခင်မင်လေးစားလျက်
၂။ အရပ်တစ်ပါး၌နေသောလင်ကို မအောက်မေ့။
၃။ အရပ်တပါးမှ ရောက်လာသောလင်ကို မနှစ်သက်။
၎။ လင်၏ကျေးဇူးမဲ့ကို ပြောဆို၏။
၅။ လင်၏ကျေးဇူးကို မပြောဆို။
၆။ လင်၏ အကျိုးမဲ့ကို ကျင့်၏။
၇။ လင်၏အကျိုးစီးပွားကို မကျင့်။
၈။ လင်အား မပြုအပ်သည်ကို ပြု၏။
၉။ လင်အားပြုအပ်သည်ကို မပြု။
၁၀။ အ၀တ်ကို မြဲစွာဝတ်၍အိပ်၏။
၁၁။ လင်ကိုကျောပေး၍အိပ်၏။
၁၂။ တပြောင်းပြန်ပြန် လူးလဲတတ်သည်ဖြစ်၏။
၁၃။ အုတ်အုတ်ကျက်ကျက်ဖြစ်၍ ရှည်စွာလည်း ထွက်သက်ဝင်သက်ကို ဖြစ်စေ၏။
၁၄။ ဆင်းရဲသောဝေဒနာကို ကြားတတ်၏။
၁၅။ ကျင်ကြီးကျင်ငယ်ကို မပြတ်သွား၏။
၁၆။ ဖောက်ပြန်သော အကျင့်ကို ကျင့်တတ်လေ၏။
၁၇။ တစ်ပါးသော ယောက်ျား၏အသံကို နားစွင့်၍ နားထောင်တတ်၏။
၁၈။ စည်းစိမ်ဥစ္စာကို ဖျက်ဆီးတတ်သည်ဖြစ်၏။
၁၉။ အိမ်နီးချင်း ယောက်ျားတို့နှင့် ကိလေသာဖြင့် ပေါင်းဖက်ရောယှက်ခြင်းကိုပြု၏။
၂၀။ ထွက်သွားလေ့ရှိသည် ဖြစ်၏။
၂၁။ အခါမဲ့ဖြစ်သော ညဥ့်တွင် သွားလေ့ရှိသည်ဖြစ်၏။
၂၂။ သယောက်လင်စောင် ထားတတ်သည်ဖြစ်၏။
၂၃။ အမြဲမပြတ် လင်ကို မရိုသေသည့်သဘောဖြင့် ပြစ်မှားလိုသောစိတ်ရှိသည်ဖြစ်၍ တံခါးဝ၌ တည်၏။
၂၄။ လက်ကတီးကြားအစရှိကုန်သော အင်္ဂါကြီးငယ်တို့ကို ပြတတ်၏။
၂၅။ ထိုမှဤမှ သွား၍ကြည့်တတ်၏။
ရှေးဟောင်း "မဟာကုဏာလဇာတ်" ကို ဖတ်မိပြီး ကူးတင်ပေးလိုက်တာနော် သဘောပေါက်တာလည်းရှိတယ်။ သဘောမပေါက်တာလည်းရှိတယ်။
အားလုံးကိုခင်မင်လေးစားလျက်
Dr. Angel Lay ယောကျာ်းလေးတွေသတိထားမိတတ်တဲ့ ပထမဆုံး အချက် ၉ ချက်
ဒါကတော့ မိန်းကလေးတွေ အတွက်ပေါ့နော်။ လူတစ်ယောက်နဲ့ တစ်ယောက် ပထမဦးဆုံးစတွေ့တဲ့ပုံစံကို ကြည့်ပြီး ယုံကြည်တာ အထင်ကြီးသွားတာ၊ အထင်သေးသွားတာ၊ သဘောကျတာတို့ ဖြစ်သွားစေနိုင်တယ်လေ။ မြင်မြင်ချင်းချစ်မိတာတို့၊ စတွေ့ကတည်းကကြည့်လို့ကိုမရဘူးဆိုတာတွေကို ဖန်တီးပေးတာကလည်း ကိုယ့်ရဲ့ပုံစံကြောင့်ပါပဲ။ ဒါကြောင့် ကိစ္စတစ်ခုခုကြောင့် အထူးသဖြင့် ကိုယ်သဘောကျတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့တွေ့တော့မယ်ဆိုရင် သူတို့သတိထားမိတတ်တဲ့ အချက်လေးတွေကို သတိပြုပြင်ဆင်သွားမယ်ဆိုရင် ကိုယ်လည်းအမှတ်တက်တာပေါ့။ ကဲ.. ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကိုတွေ့ရင် သတိထားကြည့်မိတဲ့ အချက်လေးတွေကို ကြည့်ရအောင်။
1. Luscious Looks
များသောအားဖြင့် ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ်ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့ ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေစတွေ့လိုက်မယ်ဆိုရင်ရော??? တချို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို နောက်ကတွေ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။ ဘာကြောင့်လဲသိလား?? ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုမစိုက် မစိုက်ဆိုတာ သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။ ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင် ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့ (သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင် ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံပြီး ပိုးသားလေးလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်
လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။ ဆတ်တောက်ဆတ်တောက်နဲ့ ကားယား ကားယားမဟုတ်ပဲ ခြေလှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင် ရပါပြီ
မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိတာနဲ့ မြူဆွယ်တာ၊ လှတာနဲ့ အလွန်အကျွံပြင်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာနဲ့ မောက်မာတာ၊ ဖြူစင်တာနဲ့ ဟန်ဆောင်တာတွေကြားမှာ စည်းပါးပါးလေးပဲရှိပါတယ်။ အဲ့ဒီစည်းလေးကပဲ သင်ဟာချစ်မြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ခု မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က သတိထားကြည့်တတ်တဲ့အချက်တွေကို ပြောပြီးပြီနော်။ လှပတဲ့ဘ၀လေးကိုလိုချင်ရင် စိတ်ပိုင်းရောရုပ်ပိုင်းပါ လှပနေမှဖြစ်မှာပေါ့။ သူငယ်ချင်းတို့ Fighting !!!
http://www.myanmarskylink.com/
ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
1. Luscious Looks
များသောအားဖြင့် ယောကျာ်းလေးတွေ မိန်းကလေးတစ်ယောက်ကို မြင်တဲ့အခါ မျက်နှာလေးကိုကြည့်ပြီး လှမလှဆုံးဖြတ်တတ်ကြပါတယ်။ မိန်းကလေးကလည်း မျက်နှာကိုဂရုစိုက်ပြင်သွားမှာဆိုတော့ ဒီအချက်ကို အထူးပြောစရာမလိုပါဘူး။ တကယ်လို့ သူကကိုယ့်ကို နောက်ကနေစတွေ့လိုက်မယ်ဆိုရင်ရော??? တချို့ယောကျာ်းလေးတွေက မိန်းကလေးတစ်ယောက်ကို နောက်ကတွေ့လိုက်ရုံနဲ့ ဒီမိန်းကလေးလှမလှသိနိုင်တယ်တဲ့။ ဘာကြောင့်လဲသိလား?? ဆံပင်ကြောင့်ပေါ့။ မိန်းကလေးရဲ့ဆံပင်ဟာ သူ့ကိုယ်သူဂရုမစိုက် မစိုက်ဆိုတာ သိနိုင်တဲ့ပုံသေနည်းတစ်ခုပဲနော်။ ဒါကြောင့် သင့်ဆံပင်တွေကို ပျော့ပျောင်းနူးညံ့တောက်ပနေအောင် ဂရုစိုက်ရမယ်။ သင့်ဆံပင်ကို ဖြောင့်စက်ဆွဲဖို့ (သို့) ကောက်ဖို့ အချိန်မရဘူးဆိုရင်တောင် ဆံပင်ကို သေသေချာချာ ဖီးပြီး သပ်သပ်ရပ်ရပ်ဖြစ်နေပါစေ။ သင့်ဆံပင်လေးတွေက မွှေးပျံပြီး ပိုးသားလေးလိုဖြစ်နေမယ်ဆိုရင် သင့်ကိုတွေ့တာနဲ့ သဘောကျသွားမှာနော်
2. Perfect Posture
မိန်းကလေးတစ်ယောက်အနေနဲ့ ကိုယ်ဟန်အနေအထားကလည်း အရမ်းအရေးကြီးတယ်နော်။ သင့်ရဲ့ခန္ဓာကိုယ်လေးက မတ်ပြီး မျက်နှာလေးနဲနဲမော့နေမယ်ဆိုရင် သင်ဟာကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပြီး ဆွဲဆောင်မှုလည်းရှိတဲ့ မိန်းကလေးတစ်ယောက် လို့ပြောနေသလိုပဲနော်။ ဒီလိုမိန်းကလေးမျိုးဟာ လူတွေအများကြီးကြားထဲမှာ ထင်းခနဲပေါ်နေတာပေါ့။ သင်ကိုယ်တိုင်ပဲစဉ်းစားကြည့်ပေါ့။ လူကခပ်ကိုင်းကိုင်း၊ ပခုံးလျှော၊ အားမရှိတဲ့ပုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ထမ်းထားရသလိုပုံစံမျိုးနဲ့ လူတစ်ယောက်ကိုသဘောကျပါ့မလား။ ဒါကြောင့် ခုပဲ သင့်ရဲ့ကိုယ်နေကိုယ်ထားကို သတိထားပြုပြင်လိုက်နော်။ ဒါမျိုးက အကျင့်ဖြစ်နေမှ ကြည့်ရ အဆင်ပြေမှာပါ။ လိုတဲ့အချိန်မှ အတင်းလုပ်ယူထားရရင် သက်တောင့်သက်သာရှိမှာ မဟုတ်ဘူးနော်။ ကြည့်ရတာလည်း အဆင်ပြေမှာမဟုတ်ဘူး။3. Your Frinends
သင်နဲ့ ခုမှစတွေ့တဲ့ ယောက်ျားလေးဟာ သင့်ကိုသာမက သင့်သူငယ်ချင်းတွေကိုလည်း အကဲခတ်တတ်တယ်နော်။ တကယ်လို့ သင့်သူငယ်ချင်းတွေဟာ အိနြေ္ဒမရှိ ရိုင်းတယ်ဆိုရင် သင့်ကိုလည်းအဲ့လိုပဲ ထင်သွားမှာနော်။ ဒါကြောင့် သင့်မှာ အဲ့လိုသူငယ်ချင်းတွေရှိတယ်ဆိုရင် သူတို့နဲ့ကြိုညှိထားဖို့လိုတယ်နော်။ ဒါမှမဟုတ်ရင်လည်း ကောင်လေးနဲ့တွေ့မယ့်နေရာကို လူတိုင်းနဲ့ လိုက်လျောညီထွေ ဆက်ဆံတတ်တဲ့ သူငယ်ချင်းကိုခေါ်သွားလိုက်ပါ4. Your Pout
ယောကျာ်းလေးတွေဟာ စတွေ့တွေ့ချင်း မိန်းကလေးရဲ့နှုတ်ခမ်းကိုလည်း သတိထားမိတတ်ကြသတဲ့။ ကောင်မလေးရဲ့နှုတ်ခမ်းလေးက ထူလား၊ ပါးလား၊ ဘာအရောင်လဲ၊ နှုတ်ခမ်းလှလားပေါ့။ သင့်ရဲ့ နှုတ်ခမ်းလေးက နှုးညံ့ ရွှန်းစိုနေပြီး ပန်းနုရောင်လေးပြေးနေမယ်ဆိုရင်တော့ အမှတ်ပြည့်ပဲနော်5. Your Smile
ပြုံးပြုံးရွှင်ရွှင်နေတတ်တာကလည်း ဆွဲဆောင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ဟန်ဆောင်ပြုံးက အလုပ်မဖြစ်ဘူးနော်။ ဒါကြောင့် စိတ်ပေါ့ပေါ့ပါးပါးနဲ့ အမြဲပြုံးပြုံးရွှင်ရွှင်ဖြစ်အောင် ကြိုးစားပါ။ ဒါကနှစ်လိုဖွယ်ကောင်းခြင်းရဲ့ ပြယုဒ်ပဲနော်။ ပြီးတော့ သင့်သွားလေးတွေ ဖြူဖွေးပြီး ခံတွင်းနံ့မရှိအောင် ဂရုစိုက်ပါ။ အပြုံးလေးလှလှကလည်း စွမ်းတယ်ဆိုတာ မမေ့ပါနဲ့။6. What You Carry Around
မယုံမရှိနဲ့နော်။ သင့်အိတ်ထဲကပစ္စည်းတွေနဲ့ သင်နဲ့အတူရှိနေတဲ့ ပစ္စည်းတွေဟာလည်း သင်ဘယ်လိုလူလဲဆိုတာကို ပြောပြနိုင်ပါတယ်။ သင့်အိတ်ထဲမှာ အလှကုန်ပစ္စည်းတွေနဲ့ ပြည့်နေတာက သင်ဟာအရမ်းအလှကြိုက်တဲ့ကောင်မလေးဆိုတာကို ပြောပြနေတယ်နော်။ သင့်လက်ထဲကစာအုပ်တွေကိုကြည့်ပြီးတော့ သင်ဟာအေးအေးဆေးဆေးနေတတ်တာကို ပြောနေသလို စာအုပ်အမျိုးအစားတွေကလည်း သင်ဟာ ဘာသာရေးလိုက်စားသူလား၊ သင်ယူလေ့လာခြင်းကိုစိတ်ဝင်စားသူလားဆိုတာကိုလည်း သိနိုင်တယ်နော်။ ဒါတွေကလည်း ကောင်လေးတွေသတိထားမိတဲ့အချက်ပါပဲ7. High Heels
ဒေါက်မြင့်ဖိနပ်ကို နေ့တိုင်းစီးဖို့မလိုပါဘူး။ ဒါပေမဲ့ ဒေါက်ဖိနပ်စီးတဲ့မိန်းကလေးတွေကို ယောကျာ်းလေးတွေကပိုသတိထားမိတာကိုတော့ မမေ့နဲ့နော်။ ဒေါက်မြင့်ဖိနပ်တွေက သင့်ကိုပိုဆွဲဆောင်မှုရှိစေပါတယ်၊ ပိုထင်ရှားစေတယ် ပြီးတော့ ကိုယ့်ကိုယ်ကို ပိုပြီးတော့ယုံကြည်မှုရှိစေပါတယ်။ ဒါကြောင့်ဒေါက်ဖိနပ်တွေကို တစ်ပတ် ၂ကြိမ် တော့စီးပေးပါ8. How You Strut
မိန်းကလေးတွေရဲ့လမ်းလျှောက်ပုံကိုလည်း ယောက်ျားလေးတွေက သတိထားမိတတ်ပါတယ်။ သိမ်မွေ့တဲ့ လမ်းလျှောက်ဟန်က မိန်းကလေးတစ်ယောက်ရဲ့အလှကိုပြည့်စုံအောင် ထောက်ပံ့ပေးတယ်လေ။ တော်ဝင်မင်းသမီးတွေဆိုရင် လမ်းလျှောက်နည်းကိုတောင်သင်ရပါတယ်။ လမ်းလျှောက်ဟန်က အရေးကြီးတယ်ဆိုတာ သိသွားပြီဟုတ် ??လမ်းလျှောက်ပုံက နွဲ့နှောင်းရမယ်ဆိုလို့ အရမ်းကြီးနွဲ့စရာမလိုဘူးနော်။ ဆတ်တောက်ဆတ်တောက်နဲ့ ကားယား ကားယားမဟုတ်ပဲ ခြေလှမ်းမှန်မှန်နဲ့ အိနြေ္ဒရရ ညင်ညင်သာသာလျှောက်ရင် ရပါပြီ
9. Your Attitude
ယောက်ျားလေးက မိန်းကလေးကို အကဲခတ်တတ်တဲ့ အရေးကြီးဆုံးအရာကတော့ စိတ်နေသဘောထားပါပဲ။ မိန်းကလေးတစ်ယေက်ဟာ နတ်သမီးလိုလှနေပါစေ၊ ကမ္ဘာကျော်မင်းသမီးတွေလို ဆွဲဆောင်မှုရှိပါစေ၊ စိတ်ထားမကောင်းရင် ဇာတ်လမ်းမစခင်ပြီးသွားမှာပါပဲ.. ဘယ်ယောက်ျားလေးမှ စုန်းမလိုလူမျိုးနဲ့ မနေချင်ဘူးလေ။ အဲ့တော့ သဘောထားကြီးပြီး အကောင်းမြင်တတ်အောင်လုပ်ပါ။ အားလုံးကိုအကောင်းမြင်ရင် စိတ်ညစ်တာတွေလည်းပျောက် ပိုလှပြီး ပိုတောင်အသက်ရှည်လာဦးမယ်။မိန်းကလေးတစ်ယောက် စွဲဆောင်မှုရှိတာနဲ့ မြူဆွယ်တာ၊ လှတာနဲ့ အလွန်အကျွံပြင်တာ၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတာနဲ့ မောက်မာတာ၊ ဖြူစင်တာနဲ့ ဟန်ဆောင်တာတွေကြားမှာ စည်းပါးပါးလေးပဲရှိပါတယ်။ အဲ့ဒီစည်းလေးကပဲ သင်ဟာချစ်မြတ်နိုးတန်ဖိုးထားသင့်တဲ့ မိန်းကလေးဟုတ်မဟုတ်ဆိုတာကို ဆုံးဖြတ်ပေးပါတယ်။ ခု မိန်းကလေးတစ်ယောက်ကို ယောကျာ်းလေးတစ်ယောက်က သတိထားကြည့်တတ်တဲ့အချက်တွေကို ပြောပြီးပြီနော်။ လှပတဲ့ဘ၀လေးကိုလိုချင်ရင် စိတ်ပိုင်းရောရုပ်ပိုင်းပါ လှပနေမှဖြစ်မှာပေါ့။ သူငယ်ချင်းတို့ Fighting !!!
http://www.myanmarskylink.com/
ကူးယူဖော်ပြခြင်းဖြစ်ပါတယ်။
Subscribe to:
Comments (Atom)

